Welcome to our studio

About Us

မင်္ဂလာပါ။ Transfer Studio မှကြိုဆိုပါတယ်။

Transfer Studio ဟာ Transfer တွေကို ထုတ်လုပ်ပေးတဲ့ Studio တစ်ခုဖြစ်ပါတယ်။ Transfer ဆိုတာက တော့ ဒီဇိုင်းပုံတွေပါတဲ့ စာရွက်သို့မဟုတ် ဖလင်တွေကို ဆိုလိုပါတယ်။ Transfer ပေါ်မှာ ကျွန်တော်တို့ Ready Made ထုတ်လုပ်ထားတဲ့ ဒီဇိုင်းတွေရှိနိုင်သလိုလူကြီးမင်းလိုချင်တဲ့ စိတ်ကြိုက်ဒီဇိုင်းတွေကိုလည်း ကျွန်တော်တို့ Tranfer Studio မှ ထုတ်လုပ်ပေးပါတယ်။ မတူညီတဲ့ နည်းပညာတွေ Formula တွေနဲ့ Effect တွေကြောင့် Transfer အမျိုးစားမျိုးစုံရှိပါတယ်။ တူညီ တာတစ်ခုက သူတို့အားလုံးကို တီရှပ်ပေါ်တင်ပြီး အပူဖိစက် Heat Press နဲ့ ဖိ ပေးလိုက်ခြင်းဖြင့် Transfer ပေါ်မှာရှိနေတဲ့ဒီဇိုင်းပုံကို တီရှပ်ပေါ်သို့ ကူးပြောင်းစေပြီး တံဆိပ်ရိုက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ Transfers အားလုံးဟာ အရည်သွေးကောင်းမွန်ပြီး ရေလျှော်ခံ အကြမ်းခံနိုင်ပါသည်။ Transfer Studio မှလည်း မတူညီတဲ့ customer များအတွက် အဆင်ပြေစေနိုင်မည့် အသစ်ဆန်းဖြစ်သော Transfer များ Quality အကောင်းဆုံးနှင့် စ‌ျေးနှုန်းအသက်ဆုံးသော Transfer များကိုလည်း အမြဲစမ်းသပ်ထုတ်လုပ်နေပါသည်။

Transfer ကိုအသုံးပြုပြီး တံရိုက်လုပ်ငန်းလုပ်ကိုင်ခြင်း၏ အားသာချက်များ
 

Transfer တွေကို အသုံးပြုပြီး တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်တာဟာ တံဆိပ်ရိုက်လုပ်ငန်းများစွာထဲမှငွေအရင်းနှီးအသက်သာဆုံးဖြင့် စတင်လုပ်ကိုင်နိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ HeatPress တစ်လုံးရင်းနှီးလိုက်ရုံဖြင့်လိုအပ်တဲ့ Transfer တွေကို Transfer Studio မှာ မှာယူပြီး တံဆိပ်ရိုက်နိုင်မှာ ဖြစ်ပါတယ်။ လွယ်ကူတယ်၊ မြန်ဆန်တယ်၊ အရေသွေး အကောင်းဆုံးရှိတယ်၊ နေရာ ကျယ်ကျယ်ဝန်းဝန်း မလိုပဲ လူအင်အား တစ်ယောက်တည်း နဲ့ဆိုရင်လည်း လုပ်ကိုင်နိုင်ပါတယ်။ ကိုယ်ပိုင်တီရှပ် brand အတွက် ရိုက်လို့ရတယ်၊ Print On Demand အတွက် Customer လိုချင်တဲ့ဒီဇိုင်းကို ရိုက်ပေးတဲ့လုပ်ငန်း အတွက်လည်းအသုံးပြုလို့ရပါတယ်။ company အဖွဲ့စည်းတွေအတွက် promotion item သို့မဟုတ် ဝန်ထမ်း ဝတ်စုံတွေအတွက်လည်း တံဆိပ်ရိုက်ပေးနိုင်မှာဖြစ်ပါတယ်။

HOW TO START

ကျွန်တော်တို့ Transfer Studio နဲ့ တွဲပြီး တံဆိပ်ရိုက်လုပ်ငန်းကို ဘယ်လိုစတင်လုပ်ကိုင်ရမလဲဆိုတာရှင်းပြပေးချင်ပါတယ်။

1. Trasnsfer အော်ဒါမှာယူရန်

ကိုယ် တံဆိပ်ရိုက်ချင်တဲ့ ဒီဇိုင်းပုံ တွေကို Transfer Studio Service Center 09400397935 ကို ဆက်သွယ်ပြီး မှာယူလို့ရပါတယ်။ သို့မဟုတ် ကျွန်တော်တို့ website www.transferstudio2020.com မှာ Ready Made ပြုလုပ်ထားတဲ့ STOCK EASY TRANSFER ဒီဇိုင်းမျိုးစုံကို ဝယ်ယူလို့ရပါတယ်။ အော်ဒါအားလုံးအတွက် အချိန်တစ်ရက်ပဲကြာပါတယ်။

2. အပူပေး တံဆိပ်ရိုက်

ကိုယ် အော်ဒါ မှာထား တဲ့ Transfer တွေ ရပြီ ဆိုရင် အဲ့ဒီ Transfer တွေကို တီရှပ်ပေါ် တင်ပြီး Heat Press နဲ့ အပူပေးလိုက်ရုံဖြင့်တံဆိပ်ရိုက်ပေးနိုင်မှာဖြစ်ပါတယ်။

အထက်ပါအချက် (၂) ချက်ကိုကြည့်ခြင်းအားဖြင့် Transfer ကိုအသုံးပြုပြီး တံဆိပ်ရိုက်ခြင်းဟာ အရမ်းကို လွယ်ကူရိုးရှင်းပြီး မည်သူမဆို Heat Press တစ်လုံးရှိထားရုံဖြင့် လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။

CONNECT WITH US

sign up and subscribe to get our latest updates