Uncategorized

Our Advantages

မင်္ဂလာပါ။ Transfer Studio က Trasnfers တွေကို အသုံးပြုပြီး တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်သူများအတွက် ဘယ်လိုအားသာချက်လေးတွေ ရှိသလဲ ဆိုတာကို ရှင်းပြပေးချင်ပါတယ်။

1. ငွေအရင်းနှီးအနည်းငယ်သာကုန်ကျခြင်း

ကိုယ်ပိုင်တီရှပ်တံဆိပ်ရိုက်လုပ်ငန်းလုပ်မယ်ဆိုရင် ပရင်တာတစ်လုံး သို့မဟုတ် နှစ်လုံးအထိ အနည်းဆုံးလိုအပ်ပါသည်။စတေကာဖြတ်စက် နှင့် အပူဖိစက်တွေ လိုအပ်ပါသည်။ ဝန်ထမ်းအနည်းဆုံး နှစ်ယောက်သုံးယောက်လိုအပ်ပါသည်။ နည်းပညာတွေ လေ့လာသင်ယူရမည်။ အချိန်တွေကုန်ရအုံးမည်ဖြစ်ပါသည်။ ဒါတွေအားလုံးကုန်ကျမယ့် အရင်းနှီးဟာ မသေးငယ်ပါဘူး။ သို့ပေမယ့် Transfer studio ရဲ့ Transfers တွေကို အသုံးပြုမယ်ဆိုရင် လူကြီးမင်းဟာ အပူဖိစက်(heat press) တစ်လုံးတည်းသာ ရင်းနှီးရမှာဖြစ်ပါသည်။ ဟုတ်ပါတယ် ငွေ ၃ သိန်းဝန်းကျင် ရင်းနှီးလိုက်ရုံဖြင့် တံဆိပ်ရိုက်လုပ်ငန်းတစ်ခုကို ကောင်းစွာပြုလုပ်နိုင်ပြီး အကျိုးမြတ်တွေရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။

2. အမြတ်ငွေ တိကျခြင်း

ကိုယ်ပိုင် Printer ၊ cutter နဲ့ ကိုယ်တိုင် ကုန်ကြမ်းတွေဝယ်ယူပြီး တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်ခြင်းမှာ တစ်ခါတစ်ရံ အကျိုးမြတ်တွေတွက်ချက်တဲ့နေရာမှာ လွဲမှားနေတတ်ပြီး အခက်ခဲတွေ တွေ့ရတတ်ပါတယ်။ printer တစ်လုံးဟာ ကိုယ် Trasnfers တွေဘယ်နှစ်ရွက်ထုတ်လို့ရလဲဆိုတာ အတိကျ တွက်လို့မရပါဘူး။ သူပျက်ချင်တဲ့အချိန်ပျက်သွားနိုင်ပါတယ်။ ကိုယ်နည်းနည်းချင်းစုဆောင်းထားတဲ့အကျိုးမြတ်တွေ Printer တစ်လုံးပျက်သွားလို့ ပြန်ပါသွားတာလည်းဖြစ်နိုပါတယ်။ ဆေးရည်တွေရဲ့ ကုန်ကျနှုန်းကိုလည်း Transfer တစ်ရွက်အတွက်ခန့်မှန်းချေလောက်ပဲတွက်ချက်နိုင်ပါတယ်။ ကိုယ်ထင်ထားတာထက် ၂ ဆနှုန်း ကုန်သွားတာလည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် တီရှပ်တစ်ထည်ရိုက်ပြီးတဲ့အထိ ဘယ်လောက်ကုန်ကျသွားလည်းဆိုတာ တိတိကျကျတွက်ချက်လို့မရနိုင်ပါဘူး။ အပေါ်က အချက်တွေကို ကာကွယ်ဖို့ ကိုယ့်ရဲ့ တံဆိပ်ရိုက် စ‌ျေးနှုန်းကို တိုးယူလိုက်ရင် အခြားသူတွေထက်များ စ‌ျေးများသွားနိုင်ပါတယ်။သို့ပေမယ့် စ‌ျေးမတင်လျှင်လည်း ကိုယ့်အမြတ်တွေနည်းသွားပြီး အရှုံးပေါ်မှာလည်းကြောက်ရပြန်တယ်။ ဒီလိုပြသနာအားလုံးမကြုံနိုင်ရန် Transfer Studio မှာ Trasnfer တွေထုတ်ပြီး တံဆိပ်ရိုက်နိုင်ပါတယ်။ Transfers တွေဟာ စ‌ျေးနှုန်းအတိကျသတ်မှတ်ထားတာကြောင့်ပဲဖြစ်ပါတယ်။ ဥပမာ Trasnfer A4 ဆိုဒ်တစ်ရွက်ကို ၂၀၀၀ ဆိုရင် လူကြီးမင်းရဲ့အရင်းနှီးဟာ ၂၀၀၀ အတိကျဆိုတာသိနိုင်ပါတယ်။ ဘာမှသူ့အတွက်ထက်ကုန်စရာမလိုတော့ပါဘူး။ အဲ့လိုစ‌ျေးနှုန်းအတိကျ ရှိတဲ့အတွက် customer ရဲ့ order အနည်းအများပေါ်မူတည်ပြီး စ‌ျေးနှုန်းကို ကိုယ်ကျိုးမထိခိုက်ပဲ လျော့တင်းလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Transfer Studio ရဲ့ Trasnfers တွေကို အသုံးပြုပြီး တံဆိပ်ရိုက်လုပ်ကိုင်ခြင်းဟာ လူကြီးမင်းရဲ့အကျိုးမြတ်တွေကို ပိုမိုရှင်းလင်းတိကျစေပါတယ်။

3.လွယ်ကူမြန်ဆန်ခြင်း

ကျွန်တော်တို့ Transfers တွေကို အသုံးပြုပြီး တံဆိပ်ရိုက်ခြင်းဟာ အရမ်းလွယ်ကူ မြန်ဆန်ပါသည်။ ကိုယ့်ရဲ့ Transer ကို ကိုယ်ရိုက်ချင်တဲ့ တီရှပ်ပေါ်တင်ပြီး အပူဖိစက်နဲ့ ၂၀ စကန့်လောက်ဖိလိုက်ရုံနဲ့ Transfer ပေါ်က ဒီဇိုင်းပုံတွေဟာ တီရှပ်ပေါ် ကူးပြောင်းသွားပြီး တံဆိပ်ရိုက်ပြီးမှာ ဖြစ်ပါသည်။ တစ်ခုရှိတာတော့ ကိုယ်ထုတ်ချင်တဲ့ ဒီဇိုင်းပုံကို ကျွန်တော်တို့ဆီအရင် ပို့ပေးပြီး Transfer ထုတ်ရမှာ ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့အချိန်လည်း အရမ်းကို မြန်ဆန်ပါတယ်။ အရေတွက်နည်းနည်းများများ ဒီနေ့အပ်ရင် နောက်တစ်နေ့မှာ ရမှာဖြစ်ပါသည်။

Transfer Studio နဲ့ပတ်သတ်ပြီးမေးမြန်းစုံစမ်းစရာမေးခွန်းများရှိခဲ့လျှင်လည်းကျွန်တော်တို့ကိုအမြဲဆက်သွယ်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *